Gazette

သီတဂူဆရာတော်(၈၀) ပြည့်မွေးနေ့အလှူတော် အခမ်းအနား အစီအစဉ်များ

၁၃၇၈-ခုတပေါင်းလဆန်း (၁၄)ရက် - မတ်လ (၁၁)ရက် 

၁။ နံနက်(၅) နာရီစစ်ကိုင်းမြို့ မြို့မပင့်သံဃာအပါး (၁၀ဝ၀) တို့အားထူပါရုံစေတီရင်ပြင်တော်၌ ဆွမ်းကြီးလောင်းလှူခြင်း။( စစ်ကိုင်းမြို့မှ သံဃာတော်များ)

၂။ နံနက်(၈း၃၀) နာရီသီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီ၌ သီတဂူမော်ကွန်းတိုက် အုတ်မြစ်တော်စီမင်္ဂလာကျင်းပခြင်း။ (ဆရာတော်ကြီး ၃ ပါး)


၁၃၇၈-ခု တပေါင်းလပြည့်-မတ်လ (၁၂) ရက် 

၁။ နံနက်(၅)နာရီစစ်ကိုင်းတောင် ပင့်သံဃာတော်အပါး (၁၀၀၀) တို့အားသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ဆွမ်းကြီးလောင်းလှူခြင်း။ (စစ်ကိုင်းတောင်ပေါ်မှ သံဃာတော်များ)

၂။ နေ့ (၁၂) နာရီအချိန် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်အလှူခံခြင်း။ (နေပြည်တော်)

၃။ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အခမ်းအနားဖြင့် ကြိုဆိုပင့်ဆောင်ပြီးနောက် ညဉ့်ဦးယာမ်ကာလ လပြည့်ဝန်းတက်သည့်အချိန် ပါမောက္ခချုပ်ဆရာတော် ရေးသားအပ်သောဗိမာန်တော်ဖွင့် အောင်ဂါထာတော်ကိုသီတဂူကြယ်တစ်ပွင့် အရှင်ပညာနန္ဒက ဖတ်ကြားပူဇော်၍ သီတဂူအဓိပတိဆရာတော်ကိုယ်တိုင် သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီးကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီး (၁၁) ပါးနှင့် သီတဂူတက္ကသိုလ် (၄) ခုရှိသံဃာတော်အပါး(၁၀၀၀)တို့က ဓမ္မဗိမာန်အတွင်း ပူဇော်ထားအပ်သော ရုပ်ပွားဆင်းတုတော်များကို ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာအနေကဇာတင် မင်္ဂလာသဘင်ဆင်ယင်ကျင်းပခြင်း။ ၎င်းနောက် သီတဂူသံဃာအပါး (၁၀၀၀) တို့က သီတဂူအောင်ခွန်းသံဖြင့် သီတဂူမော်ကွန်း ကြေးခေါင်းလောင်းတော်ကြီးကို တစ်ပါးတစ်ချက်ထိုး၍ ပူဇော်ခြင်း။ သံဃာတော်များခေါင်းလောင်းထိုးပူဇော်နေစဉ် သီတဂူဂီတဥ္စလီအဖွဲ့ကသီတဂူဓမ္မဂီတိများဖြင့် ပူဇော်သီဆိုခြင်း။

၄။ နိုင်ငံကျော်အဆိုတော်ရီရီသန့် နှင့် အဖွဲ့ကသတ်မှတ်ထားသောနေရာများ၌ ဓမ္မဂီတိများဖြင့် ပူဇော်ခြင်း။


၁၃၇၈-ခုတပေါင်းလပြည့်ကျော်(၁) ရက်- မတ်လ (၁၃) ရက် 

၁။ နံနက် (၅) နာရီပင့်သီလရှင်အပါး(၁၀ဝ၀) တိုု့အား သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ဆွမ်းကြီးလောင်းလှူခြင်း။

၂။ နံနက် (၉းဝဝ) နာရီအဘိဓဇမဟာရဋ္ဌဂုရုတံဆိပ် အလှူခံရရှိတော်မူပြီးသော ဆရာတော်ကြီး (၁၂) ပါးတို့အား သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၌ အဘိဓဇပူဇာမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း။ (တစ်ပါးလျှင် ကျပ်သိန်း (၁၀၀)စီနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုး လှူဒါန်းမည်။

၃။ ည (၇) နာရီ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီး၌ ရန်ကုန်မြို့၊ မဟာစည် ရွှေမင်းဝံရိပ်သာဆရာတော် ဘဒ္ဒန္တသောဘနကတရားတော်များဟောကြားချီးမြှင့်ခြင်း။

 

၁၃၇၈-ခု တပေါင်းလပြည့်ကျော် (၂) ရက်- မတ်လ (၁၄) ရက် 

၁။ နံနက် (၅) နာရီသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၄) ခုှရှိသံဃာအပါး (၁၀၀၀) တို့အားသီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီ၌ ဆွမ်းကြီးလောင်းလှူခြင်း။

၂။ နေ့လည် (၂) နာရီသီတဂူတပည့်သံဃာတော်များနှင့် သီတဂူတပည့်ဒါယကာ+ဒါယိကာမများက သီတဂူဆရာတော်အား သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၌ ပူဇော်ကန်တော့၍ သြဝါဒတရားနာကြားခြင်း။

၃။ ည (၇) နာရီသီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ မင်းကွန်းတိပိဋက မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရက တရားတော်များဟောကြားချီးမြှင့်ခြင်း။

 

၁၃၇၈- ခုတပေါင်းလပြည့်ကျော် (၃) ရက်- မတ်လ (၁၅)ရက် 

၁။ နေ့လည်ပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးသီးက BA, MA, Ph,D. ဘွဲ့ရရှိကြသူများကိုဘွဲ့လက်မှတ်ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း။

၂။ ည (၇) နာရီသီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ ရန်ကုန်မြို့ အင်းစိန် အောင်ဆန်းတောရတပ်ဦးကျောင်းဆရာတော်ကတရားတော်များဟောကြားချီးမြှင့်ခြင်း။

 

၁၃၇၈-ခုတပေါင်းလပြည့်ကျော် (၄) ရက်-မတ်လ (၁၆) ရက် 

၁။ နေ့ (၂) နာရီ သီတဂူသာသနာပြုလုပ်ငန်းများ၌ ကုသိုလ်ဖြစ်တာဝန်ထမ်းခဲ့ကြသော/ တာဝန်ထမ်းဆောင်၍နေကြသော ဆရာဝန်ကြီးများသူနာပြုဆရာ၊ ဆရာမများကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၌ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း။

၂။ ည (၇) နာရီသီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒက တရားတော်များဟောကြားချီးမြင့်ခြင်း။


၁၃၇၈-ခု တစ်ပေါင်းလပြည့်ကျော် (၅) -မတ်လ (၁၇) ရက် 

၁။ နံနက် (၉) နာရီသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၄) ခုမှ ပါမောက္ခ ကထိကသံဃာတော် အပါအဝင် ပင့်သံဃာအပါး (၁၀၀) တို့ဖြင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီအတွင်း ဆောက်လုပ်ပြီးစီးသွားသော သုဓာဘောဇနသာလာ ဆွမ်းစားကျောင်းရေးစက်ချ မင်္ဂလာအခမ်းအနားကျင်းပခြင်း။

၂။ ည (၇) နာရီ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီး၌ ဖားအောက်တောရ ဆရာတော်ကြီးက တရားတော်များဟောကြားချီးမြှင့်ခြင်း။

 

၁၃၇၈-ခု တပေါင်းလပြည့်ကျော် (၆) ရက်-မတ် (၁၈) ရက် 

၁။ နံနက် (၆) နာရီ အထူးပင့်သီလရှင်အပါး(၁၀၀)တို့အား သီတဂူသံဝေဇနိယဓမ္မဗိမာန်တော် ရေစက်ချ အခမ်းအနားအထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်းဆက်ကပ်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း။

၂။ (၇) နာရီသီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ OXFORD ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိက တရားတော်များဟောကြားချီးမြှင့်ခြင်း။

 

၁၃၇၈-ခု တပေါင်းလပြည့်ကျော် (၈) ရက် - မတ်လ (၂၀) ရက် 

၁။ နေ့လည် (၂) နာရီအချိန် သီတဂူအဓိပတိတွဲဖက် ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်က သံဝေဇနိယ ဓမ္မဗိမာန်တော်ကြီး ရေစက်ချကျောင်းလွှတ်ပူဇာ အနုမောဒနာတရားဟောကြားချီးမြှင့်ခြင်း။

၂။ ည (၇) နာရီသီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ သီတဂူအဓိပတိတွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရုသီတဂူဆရာတော်ကတရားတော်များဟောကြားချီးမြှင့်ခြင်း။

 

ကျပ်သိန်း (၂၀၀၀)နှစ်ထောင်အလှူတော် 

အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီး (၁၂)ပါးနှင့် ဓမ္မကထိက ဆရာတော်ကြီး (၈)ပါး၊ ပေါင်း အပါး (၂၀)တို့အား ကျပ်သိန်း ပေါင်း ၂၀၀၀ ထောင်လှူမည်။ 


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-161

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈