သီတဂူဆရာတော်သြဝါဒ

မဘသ စုံညီ သီတဂူဆရာတော်ကြီး သြဝါဒ အပိုင်း (၁)

 ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၄)ရက်

 

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဖော်ဆောင်သည့် အစည်းအဝေးကြီးကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးမှာ (၄-၁၀-၂၀၁၅)နေ့ နေ့လည်(၂းဝဝ)က ကျင်းပသည်။ သီတဂူဆရာတော်ကြီးက အောက်ပါအတိုင်း သြဝါဒကထာ ပြောကြားသည်။ များပြားသဖြင့် အပိုင်းခွဲ၍ တင်ပေးပါသည်။

Read more: မဘသ စုံညီ သီတဂူဆရာတော်ကြီး သြဝါဒ အပိုင်း (၁)

၂၆၃၉နှစ်မြောက်ဗုဒ္ဓနေ့မှာနှုတ်ခွန်းဆက်လွှာ

လူနတ်တို့၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ထူးမြတ်သောအခါတော်နေ့မှာသီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ မေတ္တာဆုမွန်တောင်း၍ နှုတ်ခွန်းဆက်သအပ်ပါသည်။

 

  • သူတော်ကောင်းတရားနေရာတိုင်းမှာထွန်းတောက်ပါစေ။
  • လူသားတိုင်းမှာသူတော်ကောင်းစိတ်ဓာတ် ကိန်းဝပ်ပါစေ။
  • ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာရှိပါစေ။

Read more: ၂၆၃၉နှစ်မြောက်ဗုဒ္ဓနေ့မှာနှုတ်ခွန်းဆက်လွှာ

သီတဂူဆရာတော် အီရန်မိန့်ခွန်း

ဗုဒ္ဓဘာသာတရားတော်အရ လူ့ဘဝပြသနာဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းများနှင့် ထိုပြသနာများကို ဖြေရှင်းရန် နည်းလမ်းများ

20150105-pomfwp

 

သီတဂူဆရာတော် အရှင်ဉာဏိသရ
Shihid Rahimi Conference Hall,
Islamic Culture and Relations Organization
Tehran
Islamic Republic of Iran
30 December, 2014

ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ ငြိမ်းချမ်းရေး အစည်းအဝေးပွဲကြီးသို့တက်ရောက်လာကြ ကုန်သော အီရန်အစိုးရအဖွဲ့ ၊ ယဉ်ကျေးမှုဝန်ကြီး၊ အစ္စလာမ်ဘာသာရေးခေါင်ဆောင်များ၊ ဘာသာရေးတက္ကသိုလ် အဓိပတိ၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်များ၊ တက်ရောက်လာကြကုန်သော ဧည့်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်အပ်ပါတယ်။

Read more: သီတဂူဆရာတော် အီရန်မိန့်ခွန်း

သီတဂူဆရာတော် မြန်မာ၊ တရုပ်၊ အိန္ဒိယ ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်

၂၀၁၄ခုနှစ် ဒီဇင်ဘာလ၊ ၁၆-၁၇-၁၈နေ့များတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမှာ (China-India-Myanmar Buddha Dhamma Forum) မြန်မာ၊ တရုပ်၊ အိန္ဒိယတို့ ပူးပေါင်း ကျင်းပသည့် ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲမှာ သီတဂူဆရာတော်ကြီး သော့ချက်မိန့်ခွန်းပြောကြားတော်မူသည်။

Read more: သီတဂူဆရာတော် မြန်မာ၊ တရုပ်၊ အိန္ဒိယ ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်

ကမ္ဘာ့ဘာသာပေါင်းစုံ မဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး

World Alliance of Religions Peace Summit

ကမ္ဘာ့ဘာသာပေါင်းစုံ မဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး

၁၆-၁၉ စက်တင်ဘာလ၊ ၂၀၁၄ ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ

ဤအစည်းအဝေးကြီးကို - ကိုရီးယားရိုမန်ကက်သလစ်ဘာသာရေးခေါင်းဆောင် သူဋ္ဌေးကြီး - Man Hee Lee က ခေါင်းဆောင်၍ ကျင်းပခြင်းဖြစ်သည်။ သူတည်ထောင် ထားသော အဖွဲ့အစည်းကို - The Orgnization of Heavenly Culture, World Peace, Restoration of Light ဟုခေါ်သည်။ ယဉ်ကျေးမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပညာအလင်းရောင်ထွန်းတောက်ရေး အသင်းဟု အဓိပ်္ပါယ်ရသော အသင်းကြီးဖြစ်သည်။

Read more: ကမ္ဘာ့ဘာသာပေါင်းစုံ မဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး

သီ​တ​ဂူ​ဆရာတော် မိန့်​ခွန်း (ရုရှား​နိုင်ငံ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရှားရှားပါးပါးကျင်းပခဲလှစွာသော ပထမအကြိမ် အာရှ-ဥရောပနိုင်ငံများဆိုင်ရာ အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန်ဆွေးနွေးပွဲ (ASEM High-Level Conference on Intercultural and Inter-Religious Dialogue) ကို သမိုင်းဝင်ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့၌် ၂၀၁၄ခုနှစ်၊ ဂျူလိုင်လ ၃-၄ ရက်နေ့များတွင် စည်ကားခမ်းနားစွာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ သံအမတ်ကြီးများနှင့် ပညာရှင်များမှ အပြန်အလှန်ဆွေးနွေးမှုများနှင့် ဖတ်ကြားတင်သွင်းမှုပေါင်း ၅၀ ပြုလုပ်ခဲ့ကြပါသည်။

Read more: သီ​တ​ဂူ​ဆရာတော် မိန့်​ခွန်း (ရုရှား​နိုင်ငံ)

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက်

သီတဂူဆရာတော်

ကျွန်ုပ်သည် င်္သမ ဏနခေန - အသင်းကို ယနေ့ နိုင်ငံတိုင်းမှာ တည်ထောင်ထားခဲ့ပြီးဖြစ်ပေသည်။ ခရစ်နှစ် (၂ဝဝဝ) ပြည့်နှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပသော ဘာသာပေါင်း စုံ ငြိမ်းချမ်းရေးညီလာခံကြီးက ကျဲချစိုက်ပျိုးခဲ့သော မျိုးစေ့မှ ပေါက်ဖွားလာသော အပင်များဖြစ်ကြ သည်။ ထိုစဉ်က ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီလာခံကြီးကို United Nation ဌာနချုပ် အထွေထွေ ညီလာခံ ခမ်းမဆောင်ကြီး၌ ကျင်းပခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် (Kofi Annan) က ဦးဆောင်စည်းရုံး ကျင်းပခဲ့သည်။ ဘာသာစုံ ဘာသာရေး ခေါင်းဆောင်ပေါင်း ၂ဝဝဝ-ကျော် တက်ရောက်ခဲ့ကြသည်။ နယူးယောက်မြို့မှ သူဌေးကြီး တက်တာနာက ဒေါ်လာသန်းပေါင်း (၁ဝဝ) ကို ငြိမ်းချမ်းရေးအတွက် လှူဒါန်းခဲ့သည်။ ထို အစည်းအဝေးကြီး ၌ မြန်မာနိုင်ငံတော်မှ မကွေးဆရာတော်ကြီး အပါအဝင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် (၇) ပါးနှင့် သာသနာရေး ညွှန်ချုပ် ဒေါက်တာမျိုးမြင့် တို့ တက်ရောက် ခဲ့ကြသည်။

Read more: ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက်

တူညီသော လမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်ကြပါစို့

ဒီနေ့ဟာ ဝိသာခပုဏ္ဏမာရယ်လို့ ဗုဒ္ဓဘာသာလောကမှာ လူသိများထင်ရှားတဲ့ မေလရဲ့ လပြည့်နေမှာ မြတ်ဗုဒ္ဓဖွားမြင်တော်မူခြင်း၊ သစ္စာတရားကို ဖော်ထုတ်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်းနှင့် ဘဝနှင့်ခန္ဓာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (ပရိနိဗ္ဗာန်စံခြင်း) ဟူသော ထူးမြတ်သည့် ဖြစ်ရပ်ကြီးများ ဒီတနေ့တည်းမှာပဲ ကျရောက်ခဲ့တာဖြစ်လို့ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ထူးမြတ်သော နေ့ထူးတစ်ခု ဖြစ်ပါတယ်။
    ယခုလို လူနတ်လောကကြီးတစ်ခုလုံး၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို အောင့်မေ့တသ ပူဇော်သောအားဖြင့် နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့ နှစ် (၂၆၀၀)ပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးမှာ တက်ရောက်ပါဝင် စကားပြောခွင့်ရတဲ့အတွက် အလွန်နှစ်သက် ကျေနပ်ရုံမျှမက တကယ့်ကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

 

ဆက်လက်ဖတ်ရှုရန်

ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် မိန့်ခွန်း

ယနေ့ဟာ တို့များရဲ့အကယ်ဒမီက တပည့်တို့ရဲ့ဘဝတစ်ခုနဲ့ တို့နိုင်ငံတော်အတွက် လှပတဲ့မှတ်တမ်းတင် လက်မှတ်ကလေးများ ပေးအပ်လိုက်တဲ့ မှတ်သားဘွယ် နေ့တစ်နေ့ပါပဲ။ နောက်ခံသမိုင်း ကြောင်းအရ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရာဇဝင် အမွေအနှစ်တို့၏ စုဝေးရာ ဤစစ်ကိုင်းတောင်မှာ တို့များရဲ့ သီတဂူသာသနာပြုအဖွဲ့ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ပညာရေးအဖွဲ့တို့ (Buddhist Academic Senate)က ဤသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို တည်ထောင်ခဲ့ကြတာဟာ စစ်ကိုင်းတောင်၏ ရှေးပညာရှိ သူတော်ကောင်းများ၏ ကျေးဇူးတော်အစုံကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ““ရေကြည်ရာ မြက်နုရာ”” ဟူသော နိမ့်ကျသောစိတ်ဓာတ်မျိုးကို တွန်းလှန်၍ ““မကြည်သောရေကို ကြည်အောင်လုပ်မည်၊ မနုသောမြက်ကို နုအောင်လုပ်မည်”” ဟူသော လူစွမ်းကောင်းစိတ်ဓာတ်တို့ ထွန်းကားစေလိုသော ရည်ရွယ်ချက်နဲ့ တက္ကသိုလ်ကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်တယ်။

 

ဆက်လက်ဖတ်ရှုရန်

အဖေဟူသည်

များသော အားဖြင့် အမေ အကြောင်းကိုပဲ ရေးကြ ပြောကြတာ များသည်၊ အမေ့ရဲ့ ဂုဏ်ရည်၊ ရုပ်ရေ စသည်ဖြင့် အမေ့အတွက် ကဗျာများစွာလဲ ရှိသည်။ သူငယ်ချင်း၏ ဖေ့စ်ဘုတ်မှာ သီတဂူဆရာတော်ကြီး၏ အဖေနေ့အတွက် ဟောထားသည့် အသံဖိုင်မှ စာသားတွေကို ဖတ်ပြီး ရေးချင်စိတ် ပေါက်လာသည်။ ဆရာတော်ကြီး၏ အဖေအကြောင်းကား အလွန် အားပါသည်။ စရေးသူက ကိုယ့်အဖေရုပ်အသွင်ကိုတောင် မမှတ်တော့သလို ဖြစ်နေသည်၊ စာရေးသူ အသက် ၁၀ နှစ်လောက်ကထဲက မိသားဘဝထဲက ထွက်ခွါသွားသည်။ အဖေကို မမှတ်သလို သူ၏ကျေးဇူးကိုလဲ ဆပ်ခွင့်မရလိုက်။ ထို့ကြောင့် အဖေရှိနေသေးသူများ အဖေ၏ တန်ဖိုးကို သိစေချင်သည်၊ အဖေကို တန်ဖိုးထား ပြုစုစေချင်သည်။

 

ဆက်လက်ဖတ်ရှုရန်

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈