Activities

မန္တလေးမြို့ရှိပရဟိတကျောင်းများသို့ သီတဂူဆရာတော်၏ကရုဏာအလှူတော်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မိသားစုတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခက်ခဲများကျော်လွှားနိုင်ကြစေရန်အလို့ငှါ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား၊ ကုလားပဲ-၆၀ကျပ်သား၊ ဆား-၇၅ကျပ်သားတို့ကို ကရုဏာအထောက်အပံ့အဖြစ် ပေးပို့လှူဒါန်းခဲ့ပါသည်။

 

အထက်ပါ ကရုဏာအလှူတော်အတွက် သီတဂူသာသနာပြုအဖွဲ့က ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကုလားပဲအချိန်-၂,၅၁၅ ပိသာ၊ ဆားအချိန်-၃,၁၄၄ ပိသာ တို့ကို ထောက်ပံ့လှူဒါန်းပေးကြပါသည်။

၃၀-၄-၂၀၂၀ ရက်နေ့၊ နေ့ခင်း ၁:၀၀ နာရီအချိန် မန္တလေးမြို့၊ နန်းတွင်းတွင်ကျင်းပပြုလုပ်သော အလှူတော်မင်္ဂလာအစီစဉ်သို့ ၄,၁၉၂ဦးရှိကြသော အလှူခံများ၏ ကိုယ်စားလှယ်အဖြစ် ပရဟိတကျောင်းတိုက်ဆရာတော် ၁ ပါး အလှူခံကြွရောက်လက်ခံပြီး သီတဂူဆရာတော်ကြီး၏ ကိုယ်စား သီတဂူဝန်ဆောင် သံဃာတော်အဖွဲ့ ဥက္ကဌဆရာတော် အရှင်ကောဝိဒနှင့် အဖွဲ့ဝင် သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ၊ တိုင်းမှူးကြီးဗိုလ်ချုပ်ကျော်စွာလင်း၊ ဒုတိုင်းမှူးတို့နှင့်အတူ ကြွရောက်လှူဒါန်းပေးပါသည်။ အလယ်ပိုင်းတိုင်း တိုင်းမှူးဦးဆောင်သော အရာရှိအရာခံများ တပ်မတော်မိသားစုများက အလှူခံယူကြမည့် ပရဟိတကျောင်းများအရောက် ပို့ဆောင်လှူဒါန်းပေးမည်ဖြစ်ပါသည်။

ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။

#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု

.
#စက္ခုဒါန #အာယုဒါန #အာရောဂျဒါန
#သီတဂူ #sitagu #Missionary
=======================

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

activities-267

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈