Activities

မန္တလေးမြို့ရှိပရဟိတကျောင်းများသို့ သီတဂူဆရာတော်၏ကရုဏာအလှူတော်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မိသားစုတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခက်ခဲများကျော်လွှားနိုင်ကြစေရန်အလို့ငှါ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား၊ ကုလားပဲ-၆၀ကျပ်သား၊ ဆား-၇၅ကျပ်သားတို့ကို ကရုဏာအထောက်အပံ့အဖြစ် ပေးပို့လှူဒါန်းခဲ့ပါသည်။

Read more: မန္တလေးမြို့ရှိပရဟိတကျောင်းများသို့ သီတဂူဆရာတော်၏ကရုဏာအလှူတော်

"သီတဂူရေအလှူတော် လှူဒါန်းခြင်း" (တပ်မတော်ကြည်း၊ရေ၊လေမိသားစု)

၂၆-၁၂-၂၀၁၉ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ်တွင်  မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ အမှူးရှိသော တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုဝင်များက သီတဂူရေအလှူတော်ကို လာရောက် လှူဒါန်းကြပါသည်။

Read more: "သီတဂူရေအလှူတော် လှူဒါန်းခြင်း" (တပ်မတော်ကြည်း၊ရေ၊လေမိသားစု)

သီတဂူဆရာတော် ဒေါ်လာ တစ်သောင်း ငါးထောင် မြန်မာကျောင်းသားများအား လှူ (သီရိလင်္ကာ)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဖြစ်သော သီတဂူဆရာတော်ကြီးသည် (၂၂၊ ၀၈၊ ၂၀၁၉) ကြာသပတေးနေ့တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမ မြန်မာကျောင်းတိုက်သို့ ကြွရောက်၍ သီရိလင်္ကာနိုင်ငံတွင် ပညာသင်ယူနေကြသည့် ရဟန်းတော်များ၊ ဆရာလေးများအား သြဝါဒချီးမြှင့်တော်မူသည်။

Read more: သီတဂူဆရာတော် ဒေါ်လာ တစ်သောင်း ငါးထောင် မြန်မာကျောင်းသားများအား လှူ (သီရိလင်္ကာ)

သီတဂူဆရာတော်က သီတဂူအခြေခံမူလတန်း ကျောင်းသား အားလုံး တစ်သိန်းကျပ်စီလှူ (ဖားကန့်မြို့နယ်)

၉-၁-၂၀၁၉ နေ့၊ သီတဂူဆရာတော်ကြီးသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု၊ ကန်ဆီးဟောကျေးရွာ ဆောက်လုပ်လှူဒါန်းထားသော သီတဂူအခြေခံပညာ မူလတန်းကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီတွင် ရောက်ခဲ့ပါသည်။

Read more: သီတဂူဆရာတော်က သီတဂူအခြေခံမူလတန်း ကျောင်းသား အားလုံး တစ်သိန်းကျပ်စီလှူ (ဖားကန့်မြို့နယ်)

ရာဇမဏိစူဋာကောင်းမှုတော်စေတီတော်ကြီးငွေရောင်ဆေးကပ်လှူပူဇော်ခြင်း

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်ကာဆောင်ရွှက်လျက်ရှိသော စစ်ကိုင်းရာဇမဏိစူဋာကောင်းမှုတော်စေတီတော်ကြီး ငွေရောင်ဆေးကပ်လှူပူဇော်ခြင်း လုပ်ငန်းများအား ယနေ့ ၁၃-၁၂-၂၀၁၈ ဗုဒ္ဓဟူးနေ့ နံနက်ခင်းမှ စတင်ကာဆောင်ရွက်ကြကြောင်း တပည့်အပေါင်းအား အသိပေးအပ်ပါသည်။

Read more: ရာဇမဏိစူဋာကောင်းမှုတော်စေတီတော်ကြီးငွေရောင်ဆေးကပ်လှူပူဇော်ခြင်း

သီတဂူဆရာတော် ရေဘေးအလှူ

၉-၈-၂၀၁၈ သီတဂူဆရာတော်ကြီးသည် ကရင်ပြည်နှင့် မွန်ပြည်နယ်သို့ ကိုယ်တိုင်ကြွရောက်၍ ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၃၀ဝ စီကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများအား လှူဒါန်းပါသည်။

Read more: သီတဂူဆရာတော် ရေဘေးအလှူ

သီတဂူ၏ နမ့်ခမ်း အလင်းအလှူ

(၁၂-၃-၂၀၁၈မှ ၁၆-၃-၂၀၁၈ အထိ) နမ့်ခမ်းသီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူ မျက်စိအထူးကု အဖွဲ့  မျက်စိဝေဒနာရှင် ၆၁၀ စမ်းသပ်စစ်ဆေးပြီး  ၁၀၁ ခွဲစိပ်ကုသ အလင်း အလှူ ပြုလုပ်ခဲ့ပါသည်။

Read more: သီတဂူ၏ နမ့်ခမ်း အလင်းအလှူ

သီတဂူ၏ ရခိုင်အလှူတော်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ၂၇-၁၂-၂၀၁၇ တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နေ ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုရန် ဆေးရုံကားတစ်စီးစီ (၃စီး)၊ ငွေကျပ် သိန်းတစ်ထောင်စီ (သိန်း-၃ထောင်)၊ အဝတ်အထည်အသစ်များ ပေ-၄၀ ကွန်တိန်နာ-၁လုံးစီ (၃လုံး)၊ မောင်တောဆေးရုံခွဲစိပ်ခန်းအတွက် ကျပ်သိန်းတစ်ထောင် လှူဒါန်းပေးမှူ ကရုဏာအလှူတော်ကို အလှူရှင်များနှင့်အတူ တပည့်ဒကာအပေါင်းမှ သာဓုခေါ်ဆိုနိုင်စေရန်အတွက် တင်ပြအပ်ပါသည်။

Read more: သီတဂူ၏ ရခိုင်အလှူတော်

ထေရဝါဒတက္ကသိုလ်များအသင်းအတွက် သီတဂူဆရာတော် ဒေါ်လာ ငါးသောင်း (၅၀ဝ၀ဝ)လှူဒါန်းခြင်း

သီတဂူ ၂၀၁၇ နိုဝင်ဘာလ ၁၇

အပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်များ၏ အသင်း (International Association of Theravada Buddhist Universities) ကို ၂၀ဝ၇ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာမကုဋ တက္ကသိုလ်၌ ကျင်းပ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Read more: ထေရဝါဒတက္ကသိုလ်များအသင်းအတွက် သီတဂူဆရာတော် ဒေါ်လာ ငါးသောင်း (၅၀ဝ၀ဝ)လှူဒါန်းခြင်း

မြောက်ဒဂုံ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပန္နက်တင်မင်္ဂလာအခမ်းအနား

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၅-၁၁-၂၀၁၇ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်ခင်း ၈:၃၀ နာရီ အချိန်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ကြွရောက်ချီးမြင့်ကာသြဝါဒကထာမိန့်ကြားတော်မူသည်။

Read more: မြောက်ဒဂုံ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပန္နက်တင်မင်္ဂလာအခမ်းအနား

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈