Water

History of Water donation

သီတဂူရေအလှူသမိုင်းနှင့်အောင်မြင်မှုများ

 

ရေအလှူတော်ဖြစ်ပေါ်လာခြင်း

စစ်ကိုင်းတောင်သည် ခြောက်သွေ့သော ကျောက်တောင်ဖြစ်၍ မိုးခေါင်သော အရပ်ဒေသ ဖြစ်သည့်အတွက် သောက်ရေ သုံးရေ ရှားပါးခြင်းဖြင့် အမြဲကြုံတွေ့ရသည်။ မိုးခေါင်သောနှစ်များတွင် တောင်ရိုးပျော် သူတော်စင်တို့မှာ သောက်ရေသုံးရေအတွက် ပင်ပန်း ဆင်းရဲကြရသည်။ သီတဂူရေအလှူတော် မစတင်ခင်က သောက်ရေအတွက် ရေစည်လှည်းငှား၍ သောက်ခဲ့ရသည်၊ ရေချိုးရန်အတွက် ညနေတိုင်း မြစ်ဆိပ်သွား၍ ရေချိုးကြရသည်။
ဤအကြောင်းတရားများကို ကောင်းစွာ သိတော်မူသော သီတဂူဆရာတော်သည် တောင်ရိုးပျော် သူတောင်စင်တို့၏ အကျိုးကို ငါတတ်နိုင်သလောက် ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကိုယ်ပိုင်သီတဂူ ရေအလှူတော် စီမံကိန်းကြီးကို ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

Read more: History of Water donation

Sitagu Water Projects

သီတဂူရေအလှူတော်

ထိုအဖွဲ့တွင်-ဘဏ္ဍာရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ (ရေနှင့် ဆေး) ၀န်ဆောင်သံဃာအဖွဲ့ (ဗုဒ္ဓတက္ကသိုလ်)ဟူ၍ စနစ်တကျစီမံခန့်ခွဲထားသည်။ တစ်လ တစ်ကြိမ် ပုံမှန်အစည်းအဝေးများပြုလုပ်၍ လုပ်ငန်းများကို စီမံဆောင်ရွက် ကြသည်။
သီတဂူအဖွဲ့သည် သီတဂူရေအလှူတော်ကို ၁၃၄၂-ခုနှစ်က စတင်စီမံဆောင် ရွက်ခဲ့သည်။ ထိုစဉ်က စစ်ကိုင်းတောင်တွင်ချောင် (ကျောင်းတိုက်)ပေါင်း (၄၀၀) ကျော်မျှသာရှိပြီး ရဟန်း, သာမဏေ, သီလရှင်(၅၀၀၀)နီးပါးမျှသာရှိခဲ့လေသည်။ ရေဂါလံတစ်သိန်းခွဲမှ နှစ်သိန်းအထိ ပို့လွှတ်လှူဒါန်းခဲ့ရာ လောက်လောက်ငင ရှိခဲ့ လေသည်။ (၂ကျပ်၊ ၅၀ပြား)နှစ်ကျပ်ငါးဆယ်ပြားမျှသာပေးရသည်။ စက်ရုံမှူး တစ်ယောက်၏လစာမှာ ကျပ် ( ၃၀ဝိ/- ) မျှသာ ရှိခဲ့လေသည်။ ထို့ကြောင့်ထာ၀ရငွေပင်အလှူတော်ကို ကျပ်(၁,၀၀၀)တစ်ထောင်မျှသာ သတ်မှတ်အလှူခံခဲ့လေသည်။

Read more: Sitagu Water Projects

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈