Gazette

မော်စကို ရဟန်းခံပွဲ

သီတဂူ ၂၀၁၆ ဇွန် ၂၁

ဒီကနေ့ (၂၁-၆-၂၀၁၆) ရုရှားနိုင်ငံ မောစကိုရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာ ၈း၃၀ နာရီ အချိန်မှ စတင်ကာ သီတဂူဆရာတော်ကြီးကို ဥပဇ္စျာယ်ရှပြု ရှင်ပြု-ရဟန်းခံ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ၊ ဒုတိယအကြိမ် ဒုလ္လဘရဟန်းပြုခြင်းအစီစဉ်အဖြစ် ရဟန်းဒါယကာ၊ ဒါယိကာမများဖြစ်ကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယုနှင့် ဇနီးဒေါ်ခင်မာမာလင်းတို့၏ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းမှုဖြင့် စုစုပေါင်း ရဟန်းလောင်း (၁၁၄) ပါးတို့က မြန်မာထေရဝါဒဗုဒ္ဓစင်တာ (မော်စကို) တွင် ဒုလ္လဘရဟန်းပြုကြမည်ဖြစ်ပါသည်။

မြန်မာ အမျိုးသား ခြောက်ဦးတို့သည် သီတဂူဆရာတော်ကို ဥပဇ္စျာယ်နံပြုလျက် နံနက် ၉းဝဝ နာရီအချိန်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိကြပါသည်။

ယခုအကြိမ် ဒုလ္လဘရဟန်းခံမင်္ဂလာပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယု ကိုယ်တိုင် ဒုလ္လဘရဟန်းခံခြင်း၊ သံအမတ်ကြီးဇနီး ဒေါ်ခင်မာမာလင်းသည်လည်း သာသနာ့အနွယ်ဝင် သီလရှင်အဖြစ် သာသနာ့အမွေကိုခံယူကြပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-292gazette-293gazette-294gazette-295gazette-296

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈