**********
၂၄.၁၀.၂၀၂၂ရက်နေ့
ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မင်းဝံတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီအနီးရှိ ဘုန်းကြီးကျောင်းပေါင်း (၁၆၄)ကျောင်း၊ သံဃာတော်ပေါင်း (၁၆၈၂)ပါးအတွက် တစ်ပါးလျှင် ဆန်(၁)တင်း၊ ဆီ(၁)ပိဿာ ဖြင့်၊ ဆန်တင်းပေါင်း(၁၆၈၂)တင်း၊ ဆီပိဿာပေါင်း(၁၆၈၂)ပိဿာကို လှူဒါန်းခဲ့ပါသည်။
စစ်ကိုင်းတောင် မင်းဝံတောင် မင်းကွန်းတောင်တို့ရှိ သံဃာတော်များအား ဆက်လက် လှူဒါန်းမည်။
၂၀၂၀ ကိုဗစ်ကာလမှာ ပထမအကြိမ် စစ်ကိုင်း မန္တလေး ရန်ကုန်မြို့ကြီးများရှိ ရဟန်း သီလရှင်စာသင်တိုက်များ ဘိုးဘွားရိပ်သာများ မသန်စွမ်းများ မဘမဲ့ဂေဟာများအား ဆန် တင်း ဆီ ပိဿာ သောင်းနှင့်ချီ လှူဒါန်းခဲ့သည်။
ဤကောင်းမှုကို နတ်၊လူ၊ သာဓုခေါ်စေသော်….
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…
We have 2 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈