Hospitals

သီတဂူ ဒီပင်္ကာရာ စက္ခုဒါနဆေးရုံ

မကွေးတိုင်း  နတ်မောက်မြို့ ဒီပင်္ကာရာဘုန်းကြီးကျောင်းတွင် (၄-၁-၂၀၁၀)နေ့က
 သီတဂူဆရာတော်ကြီးရဲ့ လမ်းညွှန်မှု့နှင့် ဆရာတော်နှင့် အလှူရှင် ဖြစ်သော ဒေါ်ခိုင်ဇော်တို့မှ ဆေးရုံကြီးတစ်ခု တည်ဆောက်လှူဒါန်းခဲ့သည်။ ထိုဆေးရုံတော်၏ အမည်မှာ သီတဂူ ဒီပင်္ကာရာ စက္ခုဒါန ဆေးရုံ ဟု အမည်တွင်စေခဲ့ပါသည်။                          
 ဆရာတော်ကြီးသည် မျက်စိအလင်း အာရုံမကောင်းသူများအတွက် မျက်စိအလင်းပြန်လည်ရစေရန် ရည်ရွယ်ပြီး ပန်းတနော်မြို့၊ သီပေါမြို့၊ ကလေးမြို့ကဲ့သို့သော သီတဂူစက္ခုဒါနဆေးရုံပေါင်းများစွာကို တည်ဆောက်ဖွင့်လှစ်လှူဒါန်းလျက်ရှိရာ ယခုအခါမှာလည်း ဗိုလ်ချူပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့တွင် သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဤဆေးရုံတော်ကြီးကား တခြားသောဆေးရုံဖွင့်ပွဲတွေထက် ထူးခြားနေသည်။

အကြောင်းကား နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌ မကွေးဆရာတော်ကြီးကိုယ်တိုင် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်ပေးခဲ့ပါသည်။ ထိုဆေးရုံတော်ကြီး စွန့်လွတ်လူဒါန်းပွဲကို နတ်မောက်မြို့ အားကစားကွင်းတွင် ထိုနေ့ညကကျင်းပခဲ့ရာ ထိုဒေသအနီးတဝိုက်မှ တရားနာလာရောက်ကြသော ပရိတ်သတ်များက ကွင်းကြီးအပြည့်လာရောက် တရားနာကြသည်။ ဆရာတော်ကြီးရဲ့ ဆုတောင်းရေစက်ချ အမျှဝေသံသည် အထက်ဘ၀ဂ်အထိ ရောက်မည်ထင်ပါသည်။ သာဓုသံတို့ဖြင့် ဖုံးလွမ်းလျက်ရှိသည်။ ကြားရသူတိုင်းရဲ့ ရင်ထဲ၀ယ် ၀မ်းသာပီတိမျက်ရည်ဝဲခဲ့ကြရပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

 

သီတဂူစက္ခုဒါန ကလေးမြို့

 

(၂၉- ၁၂-၂၀၀၉)နေ့ တွင် စစ်ကိုင်းတိုင်း ကလေးမြို့ မဟာသန္တာရုံ ဘုန်းကြီးကျောင်း၀န်းအတွင်းတွင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှု့နှင့်အညီ သီတဂူအလှူရှင်များက သီတဂူစက္ခုဒါန အမည်ရှိ ဆေးရုံတော်ကြီးကို ဖွင့်လှစ်ခဲ့ပါသည်။

 ထိုဆေးရုံတွင် မျက်စိဝေဒနာရှင်ပေါင်းများစွာကိုပြည်တွင်း/ပြည်ပ မျက်စိအထူးကု ဆရာ၀န်ကြီးများက လိုအပ်သလို ကုသပေးခဲ့ကြပါသည်။ ဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းများစွာထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော စက္ခုအာရုံ ချို့တဲ့နေကြသူများကို အလင်းဆောင်ပေးရန်အတွက် သီတဂူစက္ခုဆေးရုံများကို တည်ဆောက်ဖွင့်လှစ်ခဲ့လေသည်။ ထိုဆေးရုံများစွာထဲတွင် သီတဂူစက္ခုဒါနဆေးရုံတော်(ကလေးမြို့)သည် ( ၃)ခုမြောက်ဆေးရုံဖြစ်ပါသည်။

ထိုဖွင့်ပွဲတွင် ဒေသခံချင်းအမျိုးသားကြီးတစ်ဦးက ဆရာတော်အား "အခုလို မျက်စိအလင်းပေးတဲ့ အစီအစဉ်တွေမှာ တပည့်တော်တို့ ဘာသာခြားတွေကော ပါ၀င်ကုသခွင့်ရှိပါသလားလို့ " မေးမြန်းသောအခါ ဆရာတော်ကြီးက " ဘုန်းကြီးတို့ အခုလိုမျက်စိ ကုသပေးတဲ့ အစီအစဉ်တွေမှာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး မည်သူမဆို လာရောက် ဆေးကုသခံယူနိုင်ပါကြောင်းနှင့် မည်သူ့ကိုမဆို မေတ္တာ၊ စေတနာ အပြည့်ထားကာ စောင့်ရှောက် သာသနာပြုနေကြောင်း မိန့်ဆိုတော်မူခဲ့သည်။

ယ္ခုကဲ့သို့  သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး ဖွင့်လှစ်လိုက်သောကြောင့် ကလေးမြို့နှင့် ချင်းတောင်တန်း ပတ်၀န်းကျင်များမှ တိုင်းရင်းသား   ဒေသခံပြည်သူလူထုများကလဲ  ဖေါ်မပြနိုင်ကြအောင် ရင်ထဲ၀ယ် ပီတီဖြစ်နေကြတယ်ဆိုတာကို ဒေသခံပြည်သူတွေရဲ့ မျက်နှာတွေမှာ မြင်နေရပါသည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈