Hospitals

ကျေးဇူးအထူးတင်ရှိခြင်း

သီတဂူစက္ခုဒါန( ရန်ကုန်)၌ ဒုတိယအကြိမ် အခမဲ့စက္ခုဒါန (မျက်စိကြည့်ရှုစမ်းသပ်၊ ခွဲစိပ် ကုသခြင်း အစီအစဉ်ကို ၁၂-၆-၂၀၂၃ မှ ၁၈-၆-၂၀၂၃ အထိ မျက်စိဝေဒနာရှင် (Eye Out patient) (၁၄၀၅ )ဦးကြည့်ရှု စမ်းသပ်ပေးခဲ့ပြီး

လေဆာပစ် ကုသရသည့် မျက်စိဝေဒနာရှင် (Laser Therapy) (၃၂)ဦး၊ ခွဲစိပ်ရသည့်မျက်စိဝေဒနာရှင် (Eye Operation Patient) (၃၇၁)ဦးတို့အား အခမဲ့ ကြည့်ရှု စမ်းသပ်၊ မျက်စိခွဲစိပ်ကုသ၍ မျက်စိအလင်း ပေးလှူခဲ့သည်။

ထိုစက္ခုဒါန-မျက်စိအလှူပွဲတွင် မျက်စိဝေဒနာရှင်များအားကုသပေးခဲ့သည့် စေတနာ့ဝန်ထမ်း ဆရာဝန်နှင့်ဆရာမများ တစ်ဦးတစ်ယောက်ချင်းစီကို သီတဂူသာသနာပြုအဖွဲ့မှကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ထို့အပြင် ကျန်းမာရေး ဝန်ထမ်းများလို ကျန်းမာရေးဝန်ဆောင်မှု မပေးနိုင်ပေမဲ့ ဆရာဝန်၊ ဆရာမ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနှင့် လူနာစောင့်များ၊ စေတနာ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာ၊ သောက်ရေသန့်နှင့်အအေး စသည်များကို အားတက်သရော လှူဒါန်းခဲ့ကြသည့် အာဟာရဒါန အလှူရှင်များအားလည်းကောင်း၊ ဆရာဝန်၊ ဆရာမများ သွားလာရေးလွယ်ကူစေရန် တာဝန်ယူပေးခဲ့ကြသည့် ယာဉ်မှုးကြီးများအားလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မြို့နယ် ကြက်ခြေနီအဖွဲ့အား လည်းကောင်း၊အခမဲ့သီတဂူစက္ခုဒါနအလှူတော်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

ကျေးဇူးတင်ထိုက်သူများတွင် ဈေးအဝယ်တော်နှင့် ချက်ပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး သန့်ရှင်းရေး၊ စသည့် အထွေထွေဝေယျာဝစ္စတာဝန်များကို မလစ်ဟင်းရအောင် ကိုယ်ရော စိတ်ပါနှစ်၍ ဇနီးမယား သမီး သားနှင့် စီးပွားစသည်များကို ခေတ္တခဏမေ့ထားကာ မိမိတို့ စီမံ/အုပ်ချုပ်အဖွဲ့က ပေးထားသည့် တာဝန်များကို မအားမလပ်သည့်ကြားကနေ မညီးမညူ ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြသည့် သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဗုဒ္ဓ-ဓမ္မပါဒက သင်တန်းသူ/ သင်တန်းသားများ၊ သီတဂူအထောက်အကူပြုအဖွဲ့(မြောက်ဒဂုံ)၊ သီတဂူအထောက်အကူပြုအဖွဲ့(ဆရာစံ)၊ သီတဂူအထောက်အကူပြုအဖွဲ့(သီရိမင်္ဂလာ) လည်းကျေးဇူး အထူးတင်ပါကြောင်း သီတဂူသာသနာပြုအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

We cannot all do great things, but we can do small things with great love.
“တို့ အလုပ်တွေ အများကြီး မလုပ်နိုင်ပါဘူး။ သို့သော် တို့လုပ်တဲ့အလုပ်က အတိုင်းပမာဏ သေးငယ်သည့်တိုင် မေတ္တာတွေအများကြီးနဲ့ပါ” ဟူသည့်အတိုင်း အထက်ပါ ကျေးဇူးတင်ထိုက်သူ အားလုံးက သူတို့ လုပ်ရမည့်အလုပ်များကို မေတ္တာတွေ အများကြီးနဲ့ လိုအပ်သူများအား လိုအပ် သလို အလုပ်အကျွေး ပြုသွားသည်ဟု ခံယူမိပါသည်။ သို့ပါ၍ ရှေ့ဆက်၍လည်း မိမိတို့ သီတဂူ၏ လောကတ္ထစရိယ (အများအကျိုးပြု)အလုပ်များကို သီတဂူနှင့်အတူ ဆတိုး၍ သယ်ပိုးနိုင်ပါစေ ကြောင်း ဆုမွန်တောင်းအပ်ပါသည်။

စီမံ/အုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈