Sagaing

သင်ကြားမှု တိုးမြှင့်ခြင်း

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူဆရာတော်ဘုရားကြီး စီစဉ်ပေးမှုဖြင့် MA, Ph.D ကျောင်းသား/ကျောင်းသူများ၏ သင်တန်းအချိန်ကို ထပ်မံ တိုးမြှင့်ပေးလိုက်သည်။

သီရီလင်္ကာနိုင်ငံ၊ ကိုလံဘို တက္ကသိုလ်မှ အငြိမ်းစား Professor Asanga Tilakaratne သည် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ M.A & Ph.D အတန်းကျောင်းသား/ကျောင်းသူများကို Research Methodology, Madhyamika Philosophy and Points of Controversy (ကထာဝတ္ထုကျမ်း) များကို အထူးသင်ကြားပေးမှု တစ်ခုအနေဖြင့် သင်ကြားပေးမည် ဖြစ်သည်။

Professor Asanga Tilakaratne သည် ကမ္ဘာပေါ်ရှိ တက္ကသိုလ်များစွာတွင် အတွေ့အကြုံများစွာ ရှိပြီး ဗုဒ္ဓဘာသာ အယူအဆ ရေးရာတွင် ကျွမ်းကျင်နိုင်နင်းသူ ဖြစ်သည်။

Professor Asanga Tilakaratne သည် ၂၀၁၈-ခု ဇွန်လ ၄ ရက်နေ့ ညနေတွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိမည် ဖြစ်ပြီး၊ ဇွန်လ ၇ ရက်နေ့မှ စတင်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကုန်သည့်တိုင်အောင် သင်ပေးမည် ဖြစ်ပါသည်။ အသေးစိတ်ကို ထပ်မံ ကြေငြာပေးမည်။

Professor Asanga Tilakaratne ၏ အတ္ထုပ္ဗတ္တိ အသေးစိတ်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ယောနက စာသင်ဆောင်တွင် ဖတ်ရှုနိုင်ပါသည်

တမူထူးခြားစွာ သင်ယူနိုင်မည့် အခွင့်အရေးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်က စီစဉ်ပေးခြင်းဖြစ်ပါသည်။

နိုင်ငံရပ်ခြား သွားစရာ မလို၊ နိုင်ငံခြားဒုက္ခ ခံစရာ မလိုဘဲ သင်ယူနိုင်ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် Schoolarship ပေးခြင်း ဖြစ်သည်။

He is a professor of Pāli and Buddhist Studies, University of Colombo, Sri Lanka. Founder Chairman of Damrivi Foundation. Bachelor of Arts Degree (Hons.) in Buddhist Philosophy with a First Class Pass, from University of Peradeniya, Sri Lanka. 1982. M.A. in Western Philosophy and Ph. D in Comparative Philosophy at University of Hawai, Manoa, USA.

He is going to teach the subjects of Research Methodology, Madhyamika Philosophy and Points of Controversy at Sitagu International Buddhist Academy, Sagaing for 2018-2019 Academic year.

M.A & Ph.D students are advised not to miss this opportunity of attending his class.

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

sagaing-015sagaing-02sagaing-03

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Sagaing

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈