၁၃-၃-၂၀၁၄ ကနေစပြီး ၁၄-၁၅ ရက်နေ့များအထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတွင် လူ ထောင်ပေါင်းများစွာ ၀င်ထွက်လျက်ရှိသည်။ နေ့စဉ် ထိုတက္ကသိုလ်အတွင်းမှာ ပြည်တွင်း ပြည်ပ ရပမှ ညအိပ်အဖြစ် လာရောက်နေသူများမှာလည်း ၁၅၀၀ ကျော် ၂၀၀၀ ခန့်ရှိနေသည်။ ညအိပ်သူရော ညမအိပ်ဘဲ ၀င်ထွက်နေသူရော ၄၀၀၀ (လေးထောင်) ကျော်ရှိနိုင်သည်။
ဒီနေ့ (၁၀) ရက်မြောက်နေ့ဖြစ်သည်။ ဒီမနက်မှာ ဆရာတော်ကြီးသည် ဟုမ္မလင်း မြို့ ကုတင် ၁၀၀ ဆေးရုံ ကြီးတွင် သီတဂူ ဘယ်လဂျီယံ ဆရာ၀န် များနှင့် တွေ့ဆုံကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား တစ်ဦးလျှင် ၁၀၀၀၀ိ/ (တစ်သောင်း)ကျပ်စီ လှူဒါန်း ခဲ့ပါသည်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ညီလာခံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော၊ ၀င်ရောက် ဆွေးနွေးခဲ့သည်။
Read more: သီတဂူဆရာတော်ကြီး ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော
We have 3 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈