Gazette

စကော့တလန်မှ လန်ဒန်သို့

လန်ဒန် ၂၀၁၇ ဇွန် ၂၈

သီတဂူဆရာတော်ကြီးနှင့် တပည့်ကြီးများသည် အင်္ဂလန်နိုင်ငံသို့ ရောက်နေသည်မှာ ၁၀ ရက်မြောက်နေ့တောင် ရောက်ပြီ၊ စကော့တလန်မှာ နှစ်ညတာ သီတင်းသုံးပြီး စကော့တလန်နိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှု လူနေမှု၊ ယနေ့ ပြောင်းလဲလာသော ခေတ်ယဉ်ကျေးမှု၊ ရှေးဟောင်းယဉ်ကျေးမှုကို အင်္ဂလိပ်တွေလိုပဲ အထိန်းသိမ်းကောင်းစွာဖြင့် ယနေ့ကမ္ဘာကြီးကို ပြစားနေပုံ လေ့လာပြီး ၂၈-၆-၂၀၁၇ မနက် ၇:၃၀ စကော့တလန်မှ လန်ဒန်သို့ပြန်ခဲ့ကြသည်။


ဘာမင်ဂန်တစ်ထောက်နား

*********

လမ်းခရီးတစ်ဝက်ကျောမှာ အင်္ဂလန်နိုင်ငံရဲ့မြို့ကြီးတစ်မြို့ဖြစ်သော Birmingham ဘာမင်ဂန်မြို့ မြန်မာဗုဒ္ဓဘာသာကျောင်းသို့ဝင်သည်၊ ဆရာတော်ကြီးက ၁၀နှစ်ခန့်အရွယ် ကျောင်းသူလေး ၁၀ဝ ကျော်အား သြဝါဒပေးသည်၊ ကလေးမလေးတွေရဲ့ မေးတိုင်းသော မေးခွန်းတွေကို စိတ်ရှည်စွာ ဖြေကြားပေးသည်။

ဘာမင်ဂန်မြို့ရှိ မြန်မာဒကာ ကာမများနှင့် ဒေသခံ အင်္ဂလိပ်လူမျိုးများက ဆရာတော်ကြီးနှင့် သံဃာတော်များ လာရောက် ဂါရဝပြု ပူဇော်ကြသည်။

မှတ်ချက်။ ။ နိုင်ငံရဲ့ဥပဒေအရ ကလေးငယ်လေးများ အထူးသဖြင့် မိန်းကလေးငယ်လေးများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ မိဘများကလည်း ကလေးငယ်တွေရဲ့ လုံခြုံရေးအရ ဓာတ်ပုံရိုက်ဖေ့ဘုတ်တင်မှာကို လိုလားကြပါ၊ ထို့ကြောင့် ကလေးငယ်များပါသော ဓာတ်ပုံများ မရိုက်ခဲ့ပါ။

ည ၈:ဝ၀ နာရီမှာ လန်ဒန်မြို့ စလာစဉ် ၅ရက်တည်းခိုခဲ့သော ဟိုတယ်မှာ ရောက်ပါသည်။


သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-206 gazette-207 gazette-208 gazette-209 gazette-135

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈