Gazette

သီတဂူရဲ့ချင်းတောင်တန်း အလှ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံတွင် ၁၉-၅-၂၀၁၇ ရက်နေ့မှ ၂၂-၅-၂၀၁၇ ရက်နေ့အထိ လေးရက်တာအချိန်အတွင်း ကြည့်ရှုစစ်ဆေးပေးခဲ့သည့် မျက်စိဝေဒနာရှင် - ၁၁၂၁ ဦး၊ ထိုအထဲမှ ခွဲစိပ်ကုသပေးခဲ့သော လူနာ - ၁၈၈ဦးတို့ကို အောင်မြင်စွာ စစ်ဆေးကုသပေးခဲ့ပြီ ဖြစ်ပါသည်။

မင်းတပ်မြို့ သီတဂူစက္ခုဒါနဆေးရုံကို ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ယခုစက္ခုဒါနအစီစဉ်မှာ (၇)ကြိမ်မြောက်ဖြစ်ပြီး သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ချီးမြောက်ပေးခြင်း ဖြစ်ပါသည်။မင်းတပ်မြို့ (၇)ကြိမ်မြောက် (၂၀၁၅တစ်နှစ် မရှိခဲ့ပါ) စက္ခုဒါနအစီစဉ်တွင် သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင် ဦးဆောင်သော စေတနာရှင်လုပ်အားဒါန ပြုခဲ့ကြသည့် မျက်စိဆရာဝန်များမှာ ဒေါက်တာ ဦးစိုးမိုး၊ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ ဒေါက်တာဒေါ်ခင်အေးမူ၊ ဒေါက်တာဒေါ်အေးအေးသွင်တို့နှင့်အတူ မင်းတပ်ခရိုင် ဆရာဝန်ကြီးနှင့် ဆရာဝန်သူနာပြုများ၊ တပ်မတော်မှ ဒေါက်တာအောင်မြတ်စိုးနှင့် သူနာပြုများ၊ စစ်ကိုင်း သီတဂူစက္ခုဒါန ဆေးရုံတော် လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မိမိခင် ဦးဆောင်သည့် သူနာပြုများအဖွဲ့တို့ ဖြစ်ကြပါသည်။လူနာများမှာ တမူး၊ ကလေးဝ၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ပေါက်၊ ယော၊ ဆော၊ ကန်ပက်လက်၊ လောင်းရှည်၊ မတူပီတို့မှ လာရောက်ကုသကြပြီး လူနာများ လာရောက်ကုသနိုင်စေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစီးဦးဆောင်ပြုသည့် ကြက်ခြေနီ၊ မီးသတ်၊ လူမှုကူညီရေးအသင်းတို့မှလည်း အင်တိုက်အားတိုက် ကူညီဆောင်ရွက်ခဲ့ကြပါသည်။သီတဂူစက္ခုဒါန် (မင်းတပ်ခရိုင်) အစီစဉ် ၇-ကြိမ် ဆောင်ရွက်ခဲ့ပြီး ကြည့်ရှုကုသ ပေးခဲ့သည့် လူနာ - ၅၂၉၄ဦး ထဲမှ ခွဲစိပ်ကုသရန် လိုအပ်သည့် လူနာ - ၉၅၁ဦးတို့ကို အောင်မြင်စွာ အလင်းပေးနိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ကြားရ - ဖတ်မိသူများအားလုံးမှ ဝမ်းသာကြည်နူး သာဓုခေါ်ဆိုနိုင်ရန်အတွက် တင်ပြရေးသားအပ်ပါသည်။

 

#အထူးသတင်း
၃၂ခုမြောက် သီတဂူစက္ခုဒါနဆေးရုံ (ပခုက္ကူ) ကို ၂၀၁၇ခုနှစ်၊ မေလ-၂၅ရက်နေ့တွင် ဖွင့်လှစ်ပါမည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-136 gazette-137 gazette-138 gazette-139

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 11 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈