Gazette

သီတဂူဆရာတော် Congratulation Fr.မားရ်ကိုဖဲဗျား ပွဲတက် မိန့်ခွန်းပြော

သီတဂူ ၂၀၁၇ မတ်လ ၂၂

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၂-၃-၂၀၁၇ ရက်နေ့ နေ့လည်ခင်း ၁းဝဝ နာရီအချိန်တွင် ကယားပြည်နယ် ဖရူဆိုမြို့သို့ ကြွရောက်ပြီး ကက်သလစ် ဘုန်းတော်ကြီး Fr.မားရ်ကိုဖဲဗျား၏ ရဟန်းဝါတော် (၂၅-ဝါ) ပြည့်၊ ဂျူဘီလီပွဲတော်ကို တက်ရောက်ချီးမြှင့်ပေးတော်မူခဲ့ပါသည်။

#ခရီးစဉ်သတင်း
1:00 PM ဖရူဆိုရောက်ရှိ (ကာဒီနယ်ချားလ်စ်ဘိုနှင့်ဘိရှော့များကကြိုဆို)
4:00 PM အခမ်းအနားစတင်ခြင်း
4:30 PM သီတဂူဆရာတော်မိန့်ခွန်းပြော
5:00 PM ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း
5:20 PM ဖါးစည်ထု (အခမ်းအနားပိတ်ခြင်း)
5:30 PM ဖရူဆိုမှ လွိုင်ကော်သို့ပြန်ကြွ

#သီတဂူဆရာတော်မိန့်ခွန်း (အနှစ်ချုပ်)
ကိုးကွယ်ရာဘာသာ မတူကြပေမယ့် ဘုရားဟောတဲ့အတိုင်း ဘဝသံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူ မရှိလို့ ညီကိုမောင်နှမစိတ်ဓါတ်၊ ဆွေမျိုးစိတ်ဓါတ်နဲ့ လာရောက်ချီးမြှောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဘာသာမတူ၊ လူမျိုးမတူညီကြပေမယ့် ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်ခြင်းကို ပြသခြင်းနှင့် သီလနှင့်ပညာ အရေးကြီးတဲ့အတွက် ဘာသာတိုင်းက သင်ကြားပေးသင့်ကြောင်း၊ ထည့်သွင်းပြောကြားပါသည်။

သီတဂူဆရာတော်နှင့် ဂျူဘီလီရှင် Fr.မားရ်ကိုဖဲဗျားတို့သည် ၂၀၀၈ခုနှစ် နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းများ အတူလုပ်ဆောင်ခဲ့ကြပြီး ယနေ့ထိတိုင် နိုင်ငံအကျိုးစီးပွား၊ ဘာသာသာသနာရေးများကို လက်တွဲလုပ်ဆောင်နေကြသည့် မိတ်ဆွေရင်းချာများဖြစ်ကြပါသည်။

#Congratulation Fr.မားရ်ကိုဖဲဗျား
ယနေ့ကျင်းပသော Fr.မားရ်ကိုဖဲဗျား၏ ရဟန်းဝါတော် (၂၅)ဝါပြည့်မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း သီတဂူသာသနာပြုအဖွဲ့က ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

gazette-43gazette-44gazette-45gazette-46

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 13 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈