Gazette

သီတဂူဆရာတော် ခရီးစဉ် - သတင်း (ပုဂံပုထိုးတော်များပြင်ဆင်ခြင်းသြဝါဒ)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၅-၁၁-၂၀၁၆ ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စူဠာမဏိပုထိုးတော်ကြီးတွင် ကျင်းပပြုလုပ်သော ငလျှင်ဒဏ်သင့် ပုဂံဘုရားများ ရှေးမူမပျက် ပြန်လည်ပြုပြင်ရေး သြဝါဒခံယူပွဲ အခမ်းအနားသို့ ကြွရောက်ကာ သြဝါဒချီးမြှင့်ပေးခဲ့ပါသည်။

သီတဂူဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်မှု၊ လမ်းညွှန်မှုဖြင့် ၂၀၁၆ ခုနှစ်၊ ၈လပိုင်း၊ ၂၄ရက်နေ့ လှုပ်ခတ်သွားသော ငလျှင်ကြောင့် ငလျှင်ဒဏ်သင့်ခဲ့သည့် ပုဂံမြို့ကျက်သရေဆောင် လောကနန္ဒာ စေတီစိန်ဖူးတော်ကို မန္တလေးမြို့ သီတဂူဦးအောင်နိုင်ဆွေ+ ဒေါ်မြင့်မြင့်နွယ် (သီရိရွှေစင်) နှင့် သီရိရွှေစင် ပန်းထိမ်ဆရာအဖွဲ့က ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး လောကနန္ဒာဘုရား စိန်ဖူးတော် ပြင်ဆင်ခြင်းတွင် ဒေါ်ခင်စောဦး (မန္တလေးမြို့) မိသားစုနှင့်အဖွဲ့မှ ရတနာပစ္စည်း အမျိုး ၁၀၀ ကျော် ဖြည့်စွက်လှူဒါန်းခဲ့ကြပါသည်။

လောကနန္ဒာစိန်ဖူးတော်ကို အခမ်းအနားတက်ရောက် ချီးမြှင့်ပေးကြသည် သြဝါဒစရိယဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့် ပရိသတ်များ၏ ရှေ့မှောက်တွင် လောကနန္ဒာ စေတီတော်ဂေါပကအဖွဲ့သို့ လွှဲပြောင်း လှူဒါန်းပေးခဲ့ပါသည်။ စိန်ဖူးတော်ကို လောကနန္ဒာစေတီတော် ပရဝုဏ် တန်ဆောင်းတွင် ထားရှိအပူဇော်ခံထားမည်ဖြစ်ကြောင်း သိရှိစေအပ်ပါသည်။ စိန်ဖူးတော် တင်လှူပူဇော်မည့် နေ့ရက်အချိန်ကို ဂေါပကအဖွဲ့က ထုတ်ပြန်ကြေငြာပေးမည် ဖြစ်ပါသည်။

#ခရီးစဉ်သတင်း

နံနက် ၆:၄၀ နာရီအချိန် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပုဂံသို့ (နေ့ခြင်းပြန်) ဓမ္မဒူတခရီးစဉ် ကြွရောက်ရာ ၈:၀၀ နာရီအချိန်တွင် ညောင်ဦးလေဆိပ်သို့ ချမ်းသာချောမောစွာဖြင့် ရောက်ရှိပြီးနောက် အခမ်းအနားတက်ရောက် ချီးမြှင့်ပေးခဲ့ပါသည်။ ညနေ ၅:၀၀ နာရီလေယာဉ်ဖြင့် ပုဂံမှ ရန်ကုန်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင် ရွှေရောင်လှိုင်းသစ် ပရဟိတအသင်းမှ ကျင်းပပြုလုပ်သော ဓမ္မသဘင်ကို ဟောကြားချီးမြှင့်ပေးမည် ဖြစ်ပါကြောင်း တပည့်ဒကာအပေါင်းကို သိရှိစေအပ်ပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-199gazette-199gazette-199gazette-199gazette-199gazette-199gazette-199

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈