Gazette

သီတဂူ ဝင်ခွင့် (အရည်အချင်းစစ်) စာမေးပွဲ

သီတဂူ ၂၀၁၆ မေ ၂၄

စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ယူလိုကြသော ကျောင်းသား/ကျောင်းသူ အသစ်များသည် အောက်ပါ အတိုင်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရမည် ဖြစ်ပါသည်။

ဆောင်နေဝင်ခွင့်

အဆောင်နေ ဝင်ခွင့် စာမေးပွဲ (ရေးဖြေ) ကို ၁၃၇၈-ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ (၀၄/၀၆/၂၀၁၆) ရက်နေ့  နေ့လည် ၂ နာရီ အချိန် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝ ဒဟဆောင်၌ ဖြေဆိုရန် ဖြစ်သည်။

B.A ပထမနှစ် ၀င်ခွင့်

B.A ပထမနှစ် ၀င်ခွင့် စာမေးပွဲကို ၁၃၇၈-ခုနှစ် ကဆုန်လပြည့်ကျော် ၁၅ (၀၅/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင် ကဝိလဝတ္ထုဆောင် လုမ္ဗိနီဆောင်တို့၌ ဖြေဆိုရန် ဖြစ်သည်။

Diploma ၀င်ခွင့်

Diploma အတန်း ၀င်ခွင့် စာမေးပွဲကို ၁၃၇၈-ခုနှစ် နယုန်လဆန်း ၁ (၀၆/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင်၊ ကဝိလဝတ္ထုဆောင် လုမ္ဗိနီဆောင်တို့၌ ဖြေဆိုရန် ဖြစ်သည်။

အဆောင်နေ ဝင်ခွင့် လူတွေ့

အဆောင်နေဝင်ခွင့် လူတွေ့ စစ်ဆေးမှု ကို ၁၃၇၈-ခုနှစ် နယုန်လဆန်း ၂ (၀၇/၀၆/၂၀၁၆) ရက်နေ့ နံနက် ရ နာရီမှ စတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်း၏ ဂယာဆောင်၌ သီတဂူအဓိပတိဆရာတော်ကိုယ်တိုင် စစ်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်မီ အရောက် လာကြပါရန် အသိပေးပါသည်။

ဒေါက်တာအရှင်ကုမာရ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
www.thesitagu.org

gazette-264

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈