Activities

သက်တော် (၈၀) အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ဘုရားကြီးရဲ့ အလှု

တပည့်တစ်ပါးအပေါ် ကရုဏာထား သာသနာတော်အရေး အားပေးချီးမြှောက်သော အနေအားဖြင့်

"ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယောဟောတု"

နှုတ်တော်ဖွင့်မြွက် ဆုပန်လျှက်လျင် တတိယအကြိမ်မြောက် သာသနာမြေအလှူတော်
အမေရိကန် ဒေါ်လာတစ်သိန်းတိတိကို မနှေးကြည်ဖြူပေးလှူတော်မူပါသည်။

တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို့ရှိ ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် ၂နှစ်ပတ်လည် တရားချီးမြှင့်တော်မူစဉ် ၂၀၁၅ခုနှစ်က တောင်ကိုးရီးယားနိုင်ငံမှာ တိုက်ခန်းကျောင်းတွေ ငါးကျောင်း ခြောက်ကျောင်း ဖြစ်နေသော မိမိအား ကျောင်းမြေအရာမ်နှင့် ကျကျနနသာသနာပြုနိုင်ရန် ကြိုးစားဖို့ တိုက်တွန်း အားပေးတော်မူလျက် ထိုစဉ်က ရရှိသမျှ ဓမ္မပူဇာ အမေရိကန်ဒေါ်လာသုံးသောင်းကို ပထမအကြိမ်အဖြစ် မတည် လှူဒါန်းတော်မူခဲ့ပါသည်။

၂၀၁၆ခုနှစ် ၇လပိုင်းတွင် အမေရိကန် ဒေါ်လာတစ်သိန်းတိတိကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းတော်မူပြီး ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ရန် ပစ္စယ ဓမ္မ နှစ်ဋ္ဌာနစုံလင် ချီးမြှောက်သွန်သင် လမ်းညွှန်ပေးတော်မူခဲ့ပြန်ပါသည်။

ဆရာတော်ဘုရားကြီး၏ သြဝါဒကို ဦးထိပ်ပန်ဆင်လျက် ကိုးရီးယား မြန်မာ ဓမ္မယာန သာဝကများ ကြိုးပမ်းမှုဖြင့်
တောင်ကိုးရီးယားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဆယ်ဂျုံး၌ သာသနာမြေ ဆယ်ဧကကို ၂၀၁၆ခုနှစ်၈လပိုင်း၃၁ရက်တွင် ကိုးရီးယားဝမ် သိန်းတစ်သောင်းကျော်ဖြင့် ဓမ္မယာနအဖွဲ့က နာမည်ပေါက် ဝယ်ယူနိုင်ခဲ့ပါသည်။

အလှူငွေ အနည်းငယ် လိုအပ်သဖြင့် အဖွဲ့ဝင်များမှ ချေးငှါးစိုက်ထုတ် ပေးထားသည်ကို ပြန်လည် ပေးဆပ်နိုင်ခြင်းဖြင့် အနဏျသုခ ရစိမ့်သောအား ရပ်ဝေးမြေခြား အဖြားအနား တပည့်တစ်ပါးအပေါ် ကရုဏာထားလျက် ယ္ခုတတိယအကြိမ် အလှူကြီးပေးတော်မူခြင်းဖြစ်သည်။

မနေ့ည ၂၀၁၇-၁-၈ရက်ညက ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားအလှူကြီး ပေးတော်မူခဲ့ပြီး

ဒီကနေ့ ၂၀၁၇-၁-၉ရက် မနက် ကုန်းလမ်းခရီးပြင်း ကြွချီတော်မူလျက် ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ညနေ
၄နာရီအချိန်တွင် ဆိုက်ရောက်တော်မူသော သက်တော်-၈၀ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ဘုရားကြီးသည် အပြုံးမပျက် နှုတ်ခွန်းဆက်လျက် မတုံ့မနှေး အလှူတော်ကြီးပေးကာ မနက်ဖြန်မနက် ဖားကန့်ဘက် တရားပွဲ ခရီးဆက်မယ်ကွယ့်လို့အမိန့်တော်ရှိရာ ....

မနေ့က တစ်မနက် လေယာဉ်ခရီးဖြင့် လာခဲ့ရသည်ကို ပင်ပန်းသည် ထင်မိသော မိမိကိုယ်ကို

ခန္ဓာနှင့်အသက် မငဲ့မကွက် သာသနာအတွက်ဆောင်ရွက်တော်မူနေသည့် သက်တော် ၈၀မထေရ်ကြီး အထံ လက်ဝါးဖြန့် အလှူခံယူရန် လာခဲ့သည့် မိမိကိုယ်ကို ပြန်ရှက်မိရင်း ဒါတွေက တို့ကို သင်ပေးနေတာပဲလို့ ...

ဒါကြောင့်ဆရာ ဒါမှ ဆရာ ..
ဒါကြောင့် နိုင်ငံတော်က သက်တော်၈၀ပြည့်အောင် စောင့်နိုင်ပေမယ့် တို့သံဃာတွေ
တပည့်တွေ တိုင်းသူပြည်သားတွေက
မစောင့်နိုင် မအောင့်နိုင် လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီကတည်းက

မနက်လင်းစဆရာတော့်တရားနဲ့ အိပ်ယာထ
ဆရာတော်တရားနဲ့ ည အိပ်ယာဝင်ခဲ့ကြတဲ့ တိုင်းသားပြည်သူတွေက

ငါတို့ရဲ့ ဂုရု တို့တို့တိုင်းတို့နိုင်ငံရဲ့ ဂုရု
အဘိဓဇမဟာရဋ္ဌဂုရုလို့
အားလုံးရဲ့ရင်ထဲ သံမှိုစွဲသလို
ခိုင်မြဲနေကြတာ မဟုတ်လား။
လို့ တွေးရင်း

ဘဝါဘဝက
ပြုပြုခဲ့သမျှ
ကုသိုလ်သမ္ဘာရတို့ နှင့်တကွ
ပစ္စုပ္ပန်ဘဝ၏ ကြီးမြတ်သာလုံ့လ ဝီရိယတို့က ထောက်ပင့်အပ်သော ဆရာတော်ဘုရားကြီး၏ ကိုယ်ကာယကို ငေးရင်း

"ဒါကြောင့်အာဇာနည်"

"ဒါမှ အာဇာနည်" လို့ ကြည်ညိုနေမိပါသည်။

အရှင်ပဏ္ဍိစ္စ (ကိုးရီယား)

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

31

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 7 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈